ရုံးပိတ်ရက်မှာ မိုးရွာခဲ့ရင် အပြင်မထွက်ချင်လောက်အောင် ဖြစ်နေတတ်ကြတဲ့သူတွေအတွက် ကံတရားရဲ့ ဆန်းကြယ်ပုံကို ရေးသားထားတဲ့ ဆရာကြီး တင့်တယ်ရဲ့ ကမ္မဖလဆိုတဲ့ စာအုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။
ဒီစာအုပ်ဟာ ၁၉၅၁ ခုနှစ်မှာ ရှုမဝစာအုပ်တိုက်က ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေတဲ့အချိန်မှာ ဒီစာအုပ်နဲ့ပတ်သက်ပြီး ဝေဖန်စာတွေအမျိုးမျိုးထွက်ပေါ်လာခဲ့ပါသေးတယ်။ အချို့သောစာရေးဆရာတွေက ကမ္မဖလကို နိုင်ငံခြားဝတ္ထုကို ဗမာမှုပြုတဲ့စာအုပ်ရယ်လို့တောင်ဆိုခဲ့ပါသေးတယ်။ စာရေးသူဆရာတင့်တယ်ကိုယ်တိုင်ကလည်း ဥရောပစာပေမှာ အဲဒီလိုဝတ္ထုမျိုးမဖတ်ဖူးခဲ့ပေမယ့် သံတူကြောင်းကွဲအနေနဲ့ ရှိနေနိုင်ပါတယ်လို့ ဒုတိယအကြိမ်ထုတ်ဝေစဉ်မှာ အမှာစာရေးသားဝန်ခံခဲ့ပါတယ်။
မျက်လုံးထဲမှာ မြင်အောင်ပြောပြရရင် ကမ္မဖလရဲ့ ဇာတ်လမ်းကျောရိုးတည်ဆောက်ထားပုံဟာ မင်းသားကြီးတွမ်ဟန့်သရုပ်ဆောင်ထားတဲ့ Lady Killer ဆိုတဲ့ နောက်ဆုံးဇာတ်ဝင်ခန်းဇာတ်ရုပ်နဲ့တူပါတယ်။ မိမိပြုခဲ့တဲ့ကံတရားဟာ မိမိဆီကို ပြန်လာပုံလေးကို ရေးသွားခဲ့တာပါ။
နောက်ဆုံး ဇာတ်သိမ်းခန်းကို ကျွန်တော့်ခံစားချက်အရပြောရရင် ပေါ့သြွးသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖတ်ပြီးချိန်မှာ စိတ်နှလုံးတစ်ခုလုံး ဟင်းခနဲ သက်ပြင်းချတာနဲ့အတူကျေနပ်ခဲ့ပါတယ်။ ကံကောင်းဆိုတဲ့ လူတစ်ယောက်ဟာ လူခုနှစ်ယောက်ကို သတ်လိုက်တဲ့အခါ စဉ်းစားတွေးခေါ်ပုံ၊ လူ့စိတ်သဘာဝကို အသုံးချသွားပုံတွေဟာ အင်မတန်လေ့လာချင်စရာကောင်းပါတယ်။ လူတွေရဲ့ စိတ်နေသဘောထားနဲ့ ခံစားချက်တွေကို ရေးသားသွားတာဟာ စိတ်ပညာကိုလေ့လာတာမဟုတ်ပေမယ့် လူမှုသရုပ်ကိုအထိနိုင်ဆုံးတွေပါပဲ။ ဇာတ်ကောင်ဖြစ်သူ သူဌေးကြီးဦးကံကောင်းဟာ သေတော့လည်း ဘယ်လို ဘယ်ပုံသေရတယ်ဆိုတာတွေကို ကံတရားရဲ့ အလှည့်အပြောင်းတွေနဲ့ ဖော်ပြထားတာဟာ ရင်သတ်မောဟိုက်စရာပါ။ အကုသိုလ်ကံတရားကို လက်တစ်လုံးခြားကျူးလွန်ခဲ့သူ ဦးကံကောင်းဟာ ဘယ်လိုသေဆုံးရတယ်။ အချစ်ဦးနဲ့ ဘယ်လိုလွဲခဲ့တယ်။ ကိုယ်တကယ်ချစ်တဲ့မိန်းကလေးနဲ့ ဘယ်လိုတေ့လွဲ လွဲခဲ့ရတယ်ဆိုတာတွေဟာ စိတ်ကူးယဉ်ဆန်ဆန်မဟုတ်ဘဲ အကွက်ချစီစဉ်ထားတဲ့ သဘောတရားတွေကို ဖတ်ရှုနိုင်မှာပါ။
စာချစ်သူတွေအနေနဲ့ အရမ်းကောင်းခဲ့တဲ့ဝတ္ထုဖြစ်ပြီး ဘာလို့ စာပေဗိမာန်ဆုမရခဲ့တာလည်းလို့လည်းထင်နိုင်ပါတယ်။ လူခုနှစ်ယောက်ကို အကွက်ချသတ်ပစ်ခဲ့တဲ့ဇာတ်ကောင်စရိုက်ကြောင့် လူမှုပတ်ဝန်ကျင်းမှာ မဖြစ်နိုင်ဘူး။ မသင့်တော်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ဆုနဲ့ လွဲခဲ့ရတာကလည်း ကမ္မဖလပါပဲ။ ထူးထူးခြားခြားလေးတစ်ခုကို ပြောပြချင်ပါတယ်။ ဆရာကြီးတင့်တယ်ကို ဆရာမင်းသိင်္ခကတွေ့တဲ့အခါ ခြေဖဝါးကို ဦးခိုက်လို့ ဝတ္ထုတစ်ပုဒ်လုံးကို အလွတ်ရွတ်ပြခဲ့ပါတယ်ဆိုတဲ့ တစ်ဆင့်စကားကြားခဲ့ဖူးတာလေးတွေရှိပါတယ်။ ဒီတော့ ကမ္မဖလရဲ့ ဇာတ်ကောင်တည်ဆောက်မှုဟာ ဆားပုလင်းနှင်းမောင်ဖြစ်လာမယ့် ဇာတ်ကောင်ရဲ့အခြေခံသလား။ အတုယူခဲ့သလားဆိုတာကို ကျွန်တော်လည်း အထင်သာရှိပါတယ်။ သေချာမသိပါဘူး။
မိုးအေးအေးမှာ အပြင်မထွက်ချင်ဘူးဆိုတဲ့ စာချစ်သူတွေအတွက် ကမ္မဖလကိုဖတ်ရှုရင်း ကံတရားရဲ့ဆန်းကြယ်ပုံ၊ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ ရင်သတ်စရာဇာတ်အိမ်တွေကို လေ့လာခံစားနိုင်ဖို့တင်ပြလိုက်ပါတယ်။

ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း လောကထဲသို့ ၀င်ရောက်လုပ်ကိုင်လိုသူများ
တက်ရောက်သင့်သည့် အခမဲ့ Seminar

လက်ရှိ မြန်မာနိုင်ငံ ၏ဘဏ္ဍာရေး၊ ဘဏ် လုပ်ငန်း များ နှင့် ပြည်တွင်း စတော့ရှယ်ယာ ဈေးကွက် တို့  ၏ ကြုံတွေ့ ခဲ့ရသည့် အနေအထားများ၊ တိုးတက်အောင်လုပ်ဆောင်နေသည့် အနေအထားများ၊ အနာဂတ် တွင် ဖြစ်ပေါ်လာနိုင်သည့် ဈေးကွက် အနေအထား၊ ၀င်ရောက်လုပ်ကိုင်လိုသူများဖြင့် ကြိုတင်ပြင်ဆင် ရမည့် အချက်များကို Panelist များမှ အပြန်အလှန် ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။
Panelist များမှာ-
(၁) ဦး သက်ထွန်းဦး
Executive Senior Manager (YSX)
(၂) ဦး ထွန်းထွန်း
Executive Director & CFO ( FMI )
(၃) ဦး Ricky Oo
Senior Vice President (AYA Trust)
(၃) ဒေါ် သီရိရတနာကျော်
Program Director (MIB) တို့ ပါဝင် ဆွေးနွေးဟောပြောသွား မည်ဖြစ်ပါသည်။
-------------------------
12th Feb 2017 (Sunday)
9:00 am to 12:00pm
UMFCCI , Mingalar Hall
Free Seminar တွင် အဖြေရှာလိုက်ပါ။
-----------------------
လူဦးရေအကန့်အသက်ရှိပါ၍
Register ပြုလုပ်ပေးပါ
0945 3300 800
https://www.facebook.com/events/486693278385974/
Junction Maw Tin မှာ ရှိတဲ့ Fitness Xpress Center မှာ
ဖေဖော်ဝါရီလ 11 ရက် (စနေနေ့) မှ စ၍ နေ့လည် 1:00 မှ 2:30 ထိ အပတ်စဉ် စနေ + တနင်္ဂနွေ ၂ ရက်
မတ်လ 5 ရက် (တနင်္ဂနွေ) နေ့လည် 1:00 မှ 2:30 ထိ
မေးမြန်းစုံစမ်းချင်တယ်ဆိုရင်
အီးမေးလ် selfdefensemw@gmail.com (သို့)
၀၉၇၉ ၅၅၉ ၆၈၈၅ သို့ ဖုန်း/ မက်ဆေ့/Viber (သို့)
Page မှ message ပို့ပြီးမေးမြန်းနိုင်ပါတယ်။
တက်ဖို့စာရင်းပေးချင်ရင်တော့ 09795596885 ကို မိမိအမည်၊ ဖုန်းနံပါတ် နှင့် email နှင့်တကွ ဖုန်းဆက်/ မက်ဆေ့ ပို့လို့ရပါတယ်။
ရည်ရွှယ်ချက် - အမျိုးသမီးများ မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေရန်၊ စိတ်ရောကိုယ်ပါ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် အမျိုးသမီးများနှင့် ဆိုင်သော ဥပဒေများအားနားလည်သိရှိစေရန်။
ခုခံတိုက်ခိုက်မှုနှင့် လေ့ကျင့်မှု (၆) ချိန် ၊ အမျိုးသမီးများနှင့်သက်ဆိုင်သော ဥပဒေများ (၁) ချိန်နှင့် လိင်မှုဆိုင်ရာအသိပညာပေး (၁) ချိန်။
တစ်ပတ် ၂ ရက်နှင့် သင်တန်းကာလ ၄ ပတ် (စုစုပေါင်း ၈ ရက်) ။
သင်တန်းတခုလုံးကို ၄၀,၀၀၀ ကျပ်(လေးသောင်းကျပ်) နှင့် စုစုပေါင်း ၈ ချိန် တက်ရမှာဖြစ်ပါတယ်။
လေးစားစွာဖြင့်,
မြန်မာအမျိုးသမီး ကိုယ်လုံပညာအဖွဲ့

FREE WORLDWIDE SHIPPING

BUY ONLINE - PICK UP AT STORE

ONLINE BOOKING SERVICE